" ပြဿနာတိုင်းမှာ အဖြေရှိတယ် ၊ သင်ယူတဲ့လူတိုင်း တစ်ချိန်တတ်မြောက်လိမ့်မယ် ၊ အခက်အခဲသည်သာ ဘဝတိုးတက်ရာဖြစ်တယ် "

Monday, July 31, 2023

Computer တစ်လုံး အလုပ်လုပ်ပုံ လေးလံနေရခြင်းနှင့် ရှင်းလင်းနည်းများစုစည်းတင်ပြချက်

ကျွန်တော်တို့အနေနဲ့ စက်တွေလေးလံနေတာကို အမြဲလိုလို ကြုံတွေ့နေကြရမှာပါ။ ဒီပြသနာကို ဖြေရှင်းနိုင်စေမယ့် နည်းလမ်းတွေကို အတတ်နိုင်ဆုံး ကျွန်တော်သိသလောက် စုစည်းမျှဝေပေးသွားမှာ ဖြစ်ပါတယ်။

စက်တွင်း ဖုန်မှုန့်များအား ရှင်းလင်းခြင်း

၁။         စက်ထဲမှာဖုန်တွေများပြားနေရင် အဲ့ဒီစက်ရဲ့ CPU ဟာ ပူနေမှာဖြစ်ပြီး Computer ဟာလည်း ကောင်းစွာ အလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ အဲ့ဒါကြောင့် မိမိစက်လေးနေပြီဆိုရင် အရင်ဆုံး computer ပုံးကိုဖွင့်ပြီး ဆေးသုတ်တံ သေးသေးလေးနဲ့ ငြင်သာစွာ ဖုန်မှုန့်တွေကို ဖယ်ရှားရှင်းလင်းဖို့ လိုပါတယ်။ (သတိပြုရန်မှာ-ကျွမ်းကျင်မှုမရှိပါက ပစ္စည်းကိရိယာများကို မဖြုတ်ပါနဲ့၊ CPU Fan မှာဆိုရင် Mother Board မှာ ချပ်ချပ်ရပ်ရပ်လေးဖြစ်နေအောင် ကပ်ထားနိုင်ဖို့ ကော်နဲ့လုပ်ထားတဲ့ ကလစ်လေး တွေ ရှိနေပြီး မဖြုတ်တတ်ရင် ကျိုးသွားတတ်ပါတယ်)


Ram card များကို သန့်ရှင်းရေး ပြုလုပ်ပါ

၂။         Ram Card မှာ ဂျီးတွေကပ်နေရင်လည်း စက်က လေလံနေတာတွေ window တက်မလာ တာတွေဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် Ram Card လေးကို ညှပ်ထားတဲ့ ကလစ်လေးကနေ အသာလေး ဖြုတ်ပြီး ကျည်းရောင်လေးတွေပေါ် ခဲဖျက်လေးနဲ့ အသာလေးပွတ်ပြီး သန့်ရှင်းရေး လုပ်ပေးရပါတယ်။ ပြန်တပ်တဲ့အခါမှာလည်း အတင်းထိုးတပ်တာမျိုးမလုပ်ဘဲ သူ့အံလေးနဲ့ကျအောင် သေချာချိန်ပြီးမှ Mother Board ကိုပါ ထိန်းကိုင်ပြီး “ကလစ်” ဆိုတဲ့ အသံလေးမြည်အောင် တပ်ရမှာ ဖြစ်ပါတယ်။


Virus များ အလွန်များပြားနေခြင်းနှင့် Antivirus များကို တစ်ခုထက်ပိုမို အသုံးပြုထားခြင်း

၃။         မိမိစက်ဟာ Virus တွေအများကြီးဖြစ်နေရင် သေချာပေါက် လေးလံနေမှာဖြစ်ပြီး ကိုယ်က စိုးရိမ်စိတ်လွန်ကဲလို့ Antivirus တွေကို တစ်ခုထက် ပိုမိုအသုံးပြုထားရင်လည်း စက်က ပိုမိုလေးလံ နေမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အကောင်းဆုံးတစ်ခုကိုသာ ရွေးချယ်ပြီး အသုံးပြုသင့်ပါသည်။ antivirus ကို လိုင်စင်ဖြင့် ဝယ်ယူသုံးစွဲရန် အခက်အခဲရှိပါကလည်း Window Defender လေးကို Update ဖြစ်အောင် လုပ်ထားခြင်းဖြင့် တော်ရုံ virus များကို ကာကွယ်နိုင်ပါတယ်။

(သတိပြုရန်မှာ-Virus ကာကွယ်ဖို့ နည်းလမ်းများကိုသာ ပထမဦးစားပေးအနေနဲ့ စဉ်းစားသင့်ပြီး virus ဝင်တိုင်း window အသစ်တင်နေတာမျိုး မလုပ်သင့်ပါဘူး၊ window ခဏခဏတင်ခြင်းဟာ Hard Disk ကို ထိခိုက်စေပြီး Hard Disk ပျက်တတ်ပါတယ်)


Window Update စစ်ဆေးခြင်း

၄။         မိမိတို့စက်မှာ တင်ထားတဲ့ window ဟာ Update ဖြစ်မနေဘူးဆိုရင် စက်က လေးလံ နေတတ်သလို မိမိတို့စက်က နိမ့်ပြီး Update Window ရဲ့ System requirements က များနေရင် အတင်းကြီး update တွေလုပ်မိရင်လည်း စက်က လေးလံသွားတဲ့အပြင် Blue Screen Error ပါ ဖြစ်နိုင် ပါတယ်။ အဲ့ဒါကြောင့် Window Update လုပ်တော့မယ်ဆိုရင် System requirements ကို အရင်ဆုံး ကြည့်ပြီး မိမိစက်နဲ့ ချိန်ဆ ကြည့်ဖို့လိုပါတယ်။ ပြီးမှ Update လုပ်သင့်/မလုပ်သင့် ဆုံးဖြတ်ရပါမယ်။ အောက်ကပုံမှာတော့ ဥပမာအနေနဲ့ window 11 အတွက်လိုအပ်တဲ့ system requirements လေးကို တင်ပြထားပါတယ်။


Window စတင်အလုပ်လုပ်ချိန် မလိုအပ်သော Software များကို ပိတ်ထားခြင်း

၅။        Ctrl+Alt+Delete Key ကိုနှိပ်ပြီး Task Manager ရဲ့ Startup apps တွေကို မလိုအပ်တာမှန်သမျှ Disabled ပေးထားရမှာဖြစ်ပါတယ်။ အဲ့ဒါဆို စက်က window တက်တာ သိသိသာသာမြန်လာတာကို တွေ့ရမှာဖြစ်ပါတယ်။


မလိုအပ်သော ဖိုင်များ ဖျက်ပစ်ခြင်း

၆။        မိမိတို့စက်ထဲမှာရှိတဲ့ မလိုအပ်တဲ့ဖိုင်များဖြစ်သည့် temp,%temp%,recent,prefetch ဖိုင်များနှင့် Recycle Bin အတွင်းရှိဖိုင်များကို ဖျက်ထုတ်ရန် window Key+R ကို နှိပ်၊ ကျလာတဲ့ Run box မှာ တစ်ခုချင်းစီရိုက်ပြီး ဖျက်ပစ်ရမှာဖြစ်ပါတယ်။

၇။        ပြီးရင် အောက်မှာဖော်ပြထားတဲ့ ပုံအတိုင်း My Computer >> C ကို Right Click နှိပ်ပြီး >> Properties >> Tools >> Check ကိုနှိပ်ပြီး Error Checking လုပ်ပါ ။ တော်ရုံဖြစ်ပေါ်နေတဲ့ error တွေကို ရှင်းပေးလိုက်တာဖြစ်ပါတယ်။ နောက်ထပ် အောက်မှာပါတဲ့ Optimize လုပ်ပါ။ Box တစ်ခုပေါ်လာပါက C သို့မဟုတ် D တစ်ခုစီ အလှည့်ကျ ရွေးပြီး Optimize လုပ်ပေးပါ။

၈။        ဒီလိုလုပ်ခြင်းဖြင့် စတိုခန်းထဲ ဖြစ်သလိုထည့်ထားတဲ့ ပစ္စည်းတွေကို သေချာနေရာချလိုက်သလို မိမိစက်ရဲ့ဖိုင်တွေ အစီစဉ်တကျဖြစ်သွားပြီးနေရာလွတ်တွေ ပိုထွက်လာကာ စက်က ပိုမိုမြန်ဆန် လာမှာပါ။


Disk Cleanup ပြုလုပ်ခြင်း

၉။        Search bar မှာ Disk Cleanup ကိုရိုက်ပါ။ အောက်ဖော်ပြပါပုံအတိုင်း တွေ့ရမှာဖြစ်ပြီး Open လုပ်ပါ။


၁၀။      ထို့နောက် Box တစ်ခုကျလာမှာဖြစ်ပြီး C ၊ D အစရှိသဖြင့် မိမိတို့ Partition ခွဲထားသော Storage devices များကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပထမဆုံး C ကိုရွေးပြီး Ok ပေးပါ။ နောက်တစ်ကြိမ် မှာတော့ အခြား Devices များကို အလှည့်ကျ ရွေးချယ် Clean လုပ်ပေးပါ။


၁၁။      ထပ်မံကျလာသော box မှာတော့ အမှန်ခြစ်လေးတွေပေးပြီး Ok ကိုနှိပ်ပါ။ confirm box လေးပေါ်လာပါက delete ကိုနှိပ်ပါ။ အဲ့ဒါဆိုရင် Disk Cleanup ပြုလုပ်ခြင်း ပြီးဆုံးပြီဖြစ်ပါတယ်။








Notification များအား ပိတ်ခြင်း

၁၂။       ဖုန်းမှာ noti တွေအရမ်းများရင် အဆင်မပြေသလို computer မှာလည်းထို့အတူပါပဲ။ စက်ကို ပိုမိုအလုပ်ပေးထားသလိုဖြစ်စေပါတယ်။ Search box မှာ notifaction လို့ရိုက်ပြီး Notifactions & actions သို့သွားပါ။


၁၃။      On ကို off လုပ်ပါ။ off လုပ်လိုက်ရင် အမှန်ခြစ် (၆)ခုမှ အပေါ် (၃)ခု ပိတ်သွားမှာဖြစ်ပြီး အောက်က (၃)ခုကတော့ window နဲ့ ပတ်သက်တဲ့ noti တွေဖြစ်ပါတယ်။ ဖွင့်ထားလို့ရသလို အမှန်ခြစ် တွေဖြုတ်ပစ်ပြီး ပိတ်ထားလို့လည်း ရပါတယ်။

 



မလိုအပ်တဲ့ System config များ ပိတ်ခြင်း

၁၄။      window key+R ကိုနှိပ်ပါ။ ကျလာသော Run box တွင် “msconfig” လို့ ရိုက်ပါ။

 ၁၅။      Services ဆိုတာကိုနှိပ်ပြီး၊ Hide all Microsoft services ကို အမှန်ခြစ်ပေးပါ။ ပြီးရင် Disable all နှိပ်ပြီး ပိတ်လိုက်ပါ။

 


Power Control လုပ်နည်း

၁၆။      Window+R ကိုနှိပ်ပါ >> ကျလာသော Run box မှာ edit power plan ကိုနှိပ်ပါ။

၁၇။      ကျလာသော Box တွင် Change advanced power settings ကိုနှိပ်ပါ။ ထို့နောက် ထပ်မံကျလာသော box တွင် ပုံမှာပြထားသည့်အတိုင်း Processor power management တွင် Minimun processor state ကို “0” ထားပါ။ Maximum processor state ကို “100%” ထားပါ။

 


Storage Sense ကို on လုပ်ခြင်း

၁၈။      Search box တွင် storage sense လို့ရိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း off ကို on ပေးရမှာ ဖြစ်ပါတယ်။


 ၁၉။      အဲ့ဒီမှာတော့ Temporary Files ဆိုတာကိုနှိပ်ပြီး Remove လုပ်ပေးရမှာဖြစ်ပါတယ်။


၂၀။      အဲ့ဒီမှာ အပေါ်ဆုံးက နှစ်ခုကို အမှန်ခြစ်ပေးပြီး ဖျက်တော့မယ်ဆိုရင်တော့ စာကို သေချာ ဖတ်ပြီးမှ လုပ်ဖို့လိုပါတယ်  ။ ဒီလိုရှင်းလင်းခြင်းကို အနည်းဆုံး ၁ ပတ် တစ်ခါလောက်ပြုလုပ်ပေးသင့် ပါတယ်။

Privacy များ ပိတ်ထားခြင်း

၂၁။       Search Box တွင် Privacy settings လို့ ရိုက်ပါ။ ထို့နောက်  ကျလာတော့ Privacy settings မှာ on ဖြစ်နေတာတွေ အားလုံးကို off လုပ်ထားလို့ရပါတယ်။

၂၂။       ပြီးတော့ သူ့အောက်မှာဘဲ Location ဆိုတာရှိပါတယ်။

၂၃။       အဲ့ဒီ Allow apps to access your location ကိုလည်း ပိတ်ထားလို့ရပါတယ်။ ဒီလိုဆို ကိုယ့်စက်က location data အမြဲပေးနေရတဲ့အလုပ်တစ်ခုလျော့သွားမှာဖြစ်လို့ စက် အနည်းငယ် ပိုပေါ့ သွားမှာပါ။

၂၄။       ပြီးတော့ အဲ့ဒီ အောက်မှာဘဲ Background Apps ဆိုတာလေးရှိပါတယ်။ အဲ့ဒီမှာ မလိုအပ်ဘဲ Background မှာ Run နေတဲ့ app တွေကို ပိတ်ထားနိုင်ပါတယ်။


 Game Mode အား ပိတ်ခြင်း

၂၅။      Search Box တွင် Game Mode Settings လို့ရိုက်ပါ။


၂၆။      ကျွန်တော်တို့အနေနဲ့ ဒီစက်နဲ့ Game ဆော့မှာမဟုတ်တဲ့အတွက် Game Modeအား off လုပ်ပါ ။

၂၇။      ကဲဒီလိုအဆင့်တွေအားလုံးသာ ကျွန်တော်တို့စက်မှာ လုပ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ computer ဟာ အရင်ကထက်စာရင် အများကြီး ပိုပေါ့ပါးလာသလို Battery ဟာလည်း ပိုအသုံးခံလာပါ လိမ့်မယ်။ virus တွေ အများကြီးစက်ထဲမှာ ဝင်နေတဲ့အခါမျိုးက လွဲရင်ပေါ့  

၂၈။      နောက်တစ်ခုမှာချင်တာက ကျွန်တော်တို့အနေနဲ့ ယခုလို ကျန်းကျန်းမာမာ အလုပ်လုပ်နိုင်ဖို့ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ရသလို ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေရတဲ့စက်တွေကိုလည်း ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့ အနည်းဆုံးတစ်ပတ်တစ်ခါ အထက်ပါ နည်းလမ်းများအတိုင်း  ကြံ့ခိုင်ရေးပြုလုပ်ပေးသင့်ပါကြောင်း တင်ပြရင်း ကျွန်တော်သိသမျှ နည်းပညာဆိုင်ရာ ဗဟုသုတများကို မျှဝေပေးလိုက်ပါတယ်။

 



ဦးအောင်ကျော်မြင့်

09676631333

No comments:

Post a Comment