ကျွန်တော်တို့အနေနဲ့ ကွန်ပျူတာ တစ်လုံးကနေ အခြားကွန်ပျူတာတစ်လုံးကို
File တွေ ကူးယူတဲ့အခါ Memory Stick တွေ External Hard Disk တွေကို အသုံးပြုကြရပါတယ်။
ထိုသို့ အသုံးပြုတဲ့အခါ Virus များကြောင့် အလွယ်တကူ ကူးယူလို့မရခြင်း၊ စက်တစ်လုံးမှ
အခြား စက်တစ်လုံးသို့ Virus များ အလွယ်တကူ ပျံ့နှံ့နိုင်ခြင်း စတဲ့ ဆိုးကျိုးတွေကို
ဖြစ်ပေါ်စေပါတယ်။
Wifi တစ်ခုကို ချိတ်ဆက်လိုက်ပြီဆိုတာနဲ့
အဲ့ဒီ Wifi က ကျွန်တော်တို့ကို IP Address တစ်ခုကို သတ်မှတ်ပေးလိုက်ပါတယ်။ စက်တစ်လုံးနဲ့
တစ်လုံး ချိတ်ဆက်ရာမှာ လူတစ်ဦးအား အခြားသူ တစ်ဦးအားခေါ်ရန် သူ့ကို ခေါ်မှန်းသိအောင်
သူ့အမည်တပ်ခေါ်ရသလို စက်တွေကိုလည်း ၎င်းတို့ရဲ့ IP Address ဖြင့် စက်တစ်လုံးမှ တစ်လုံး
ခေါ်ယူအသုံးပြုရမှာဖြစ်ပါတယ်။ စက်တွေရဲ့ IP Address ကို ကြည့်တဲ့နည်းကို တင်ပြပါမယ်။
Keyboard မှ Window Key+R ကို နှိပ်ပါ။ ကျလာသော Box တွင်
cmd ဟု ရိုက်ပါ(ပုံ-၁)။
(ပုံ-၁)
(ပုံ-၂)
အောက်ပါအတိုင်း မိမိစက်ရဲ့ IP Address အား မြင်တွေ့ရမည်ဖြစ်ပါသည်(ပုံ-၃)။
(ပုံ-၃)
ဒီနေရာမှာဖြည့်စွက်ပြောလိုတာက စက်တစ်လုံးအနေနဲ့ ဒီနေ့နဲ့
မနက်ဖြန်တစ်နေ့ IP Address က တူချင်မှ တူနေမည် ဖြစ်ပါသည်။ File shar လုပ်ပုံပြီးမှ
IP Address ခေါ်ယူအသုံးပြုပုံအား ထပ်မံတင်ပြပါမည်။
ပထမဦးစွာ File Sharing ဆောင်ရွက်မည့် Computer များအား
Setting များ ဖွင့်ထားရန် ပုံတွင် ဖော်ပြထားသည့်အတိုင်း Search Box တွင် control ဟုရိုက်၍
Control Panel >> Network and
Internet >> Network and Sharing Center >> Change advanced
sharing Settings သို့ အဆင့်အတိုင်း သွားပါ(ပုံ-၄)။
(ပုံ-၄)
ထို့နောက် ကျလာသော Page တွင် Sharing စနစ်များအား ပုံတွင်ပြထားသည့်အတိုင်း Turn on လုပ်ပါ။ အောက်ဆုံးတစ်ခုတွင် ပြထားသည့်အတိုင်း Password ဆိုတာကိုတော့ off လုပ်ပါ(ပုံ-၅)။
(ပုံ-၅)
ဆက်လက်၍ စက်အမှတ်(၁)မှ စက်အမှတ်(၂)သို့ ဖိုင်များအား
share လုပ်မည်ဆိုကြပါစို့။ စက်အမှတ်(၁)လုပ်ဆောင်ရန် အချက်များမှာ မိမိ share လုပ်မည့်
Folder အား right click လုပ်ပြီး Properties အားနှိပ်ပါ။ ထို့နောက်ကျလာသော box တွင်
ပုံတွင်ဖော်ပြထားသည့်အတိုင်း Sharing >> Share… >> Down arrow Key
>> EyeryOne အား နှိပ်ပါ။ ပုံတွင် arrow ဖြင့် ပြထားပါသည်(ပုံ-၅)။
![]() |
(ပုံ-၆)
ထို့နောက် Everyone တည့်တည့်ရှိ
Read ဘေးတွင် မြင်ရသော Down arrow Key လေးအား
နှိပ်ပြီး Read/Write ပြောင်းပြီး Share အား နှိပ်ပါ(ပုံ-၇)။
(ပုံ-၇)
ထို့နောက်မိမိ share လုပ်မည့်
folder ပေါ်လာပါက click လုပ်ပြီး Done လုပ်ပါ(ပုံ-၈)။
(ပုံ-၈)
ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ share လုပ်မည့်စက်များ၏
Setting များအား ဖွင့်ခြင်း၊ ဖိုင် share ခြင်းများ ဆောင်ရွက်ပြီးဖြစ်ပါတယ်။
Share ထားတဲ့စက်နံပါတ်(၁)က
folder ကို တခြားစက်ကနေ ဘယ်လိုပြန်ယူမလဲ?
ပုံ(၂)နဲ့(၃)ပါ
အတိုင်း စက်နံပါတ်(၁)၏ IP Address ကို ကြည့်ရှုမှတ်သားထား၍ အခြားစက် ဥပမာ-စက်နံပါတ်(၂)မှ
Window Key+R ကိုနှိပ်ပါ(ပုံ-၉)။ ကျလာသော box တွင် ပုံမှာ ပြထားသည့် အတိုင်း စက်နံပါတ်(၁)မှ
IP Address ကို ရှေ့မှ မျဉ်းစောင်း(\\)နှစ်ခုခံ၍ ရိုက်ထည့်ပြီး OK ကိုနှိပ်ပါ ။
(ပုံ-၉)
(ပုံ-၁၀)
ဒါဆိုရင် Same Network တစ်ခု တစ်နည်းအားဖြင့် ရုံးသုံး
wifi ဖြင့် ချိတ်ဆက်ပြီး file sharing စနစ်တစ်ခုကို တည်ထောင်ပြီးဖြစ်သလို စက်တစ်လုံးမှ
တစ်လုံးသို့ Virus များ ပြန့်ပွားမှုမှ ကာကွယ် နိုင်ခြင်း၊ စက်တစ်လုံးမှ တစ်လုံးသို့
မြန်ဆန်စွာ ဖိုင်များရယူနိုင်ခြင်းစသော အကျိုးကျေးဇူးများအား ရရှိစေနိုင်ပါသည်။
ကျေးဇူးတင်ပါသည်။
ဦးအောင်ကျော်မြင့်
09676631333











No comments:
Post a Comment