" ပြဿနာတိုင်းမှာ အဖြေရှိတယ် ၊ သင်ယူတဲ့လူတိုင်း တစ်ချိန်တတ်မြောက်လိမ့်မယ် ၊ အခက်အခဲသည်သာ ဘဝတိုးတက်ရာဖြစ်တယ် "

Tuesday, August 1, 2023

အရေးကြီးတဲ့ File တွေ Data တွေ မပျောက်ပျက်အောင် ပြုလုပ်နည်း နှင့် ပြန်လည်ရယူနည်း


            ဒီတစ်ခါမှာတော့ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ File တွေ Data တွေ မပျောက်ပျက်အောင်  CD တွေ DVD တွေ USB Device တွေ မလိုအပ်ဘဲ စက်ထဲမှာ အလွယ်တစ်ကူ Backup လုပ်ထားလို့ရတဲ့ နည်းလေးကို မသိသေးတဲ့သူများအတွက် မျှဝေပေးလိုက်ပါတယ်။

Window error တစ်ခုခုကြောင့်ဖြစ်စေ မိမိတို့ မှားပြီး ဖျက်မိလို့ဖြစ်စေ မိမိတို့ရဲ့ အရေးကြီး Data များ ဖိုင်များ ပျက်သွားနိုင်ပါတယ်။

ဒါဆို ပျက်သွားတဲ့ ဖိုင်တွေကို Software တွေ အသုံးပြုပြီးတော့ ပြန်ယူလို့ရော မရဘူးလား

ဖိုင် အသေးအမွှားလေးတွေဆိုရင် ဖျက်မိလိုက်တာနဲ့ ချက်ချင်းဆိုသလို ပြန်ယူဖို့ recover software တွေ အသုံးပြုနိုင်ပါတယ်။ အများဆုံး အသုံးပြုတဲ့ Recover Software (၁၅)ခုကို အောက်ပါ Link လေးမှာ ဝင်ပြီး ကြည့်ရှုနိုင်ပါတယ်။

https://techdator.net/usb-data-recovery-software-windows/

အသုံးပြုခဲ့မယ်ဆိုရင် ကျွန်တော်ကတော့ အရင်ကတည်းက အသုံးပြုခဲ့တဲ့ အောက်ကပုံလေးနဲ့ နံပါတ် (၁)နေရာက software လေးကို အသုံးပြုဖို့ အကြံပြုလိုပါတယ်။

File တစ်ခုကို ဖျက်ဖို့ ကျွန်တော်တို့က command ပေးလိုက်တာနဲ့ တစ်ပြိုင်နက် သူက Data D (သို့မဟုတ်) C ထဲက ဖိုင်ကို တန်းပြီး သွားဖျက်ပါတယ်။ File ကိုဖျက်တဲ့အခါ Delete တစ်ခုတည်း ဖျက်ရင်တော့ သူက Recycle Bin ထဲကို ရောက်သွားမှာဖြစ်ပြီး Recycle Bin ထဲရောက်နေတဲ့ ဖိုင်တွေကို Right Click နှိပ် Restore ဆိုပြီး ပြန်ယူလို့ရပေမယ့် Shift+Delete ဆိုရင်တော့ တစ်ခါတည်းပျက်သွားမှာပါ။

အခုရှင်းပြမှာက Recycle Bin ထဲကနေ အလွယ်တကူ ပြန်ယူလို့ရတဲ့ ဖိုင်တွေနဲ့ မဆိုင်ပါဘူး။

Shift+Delete သုံးပြီး ကျွန်တော်တို့ ဖျက်လိုက်တဲ့ File တွေ အခု Delete နဲ့ဖျက်လိုက်မယ် ကဲ မထူးပါဘူး Recycle Bin ပါ Empty လုပ်ပလိုက်မယ်ကွာဆိုပြီး နောက်မှ ဖျက်မိတာ မှားသွားပြီဆိုရင်တော့ အဲ့ဒီဖိုင်တွေဟာ C D ပေါ်က ဖျက်လိုက်ပေမယ့် RAM လို့ခေါ်တဲ့ Memory Card ပေါ်မှာ အချိန်အတိုင်းတာလေး တစ်ခုထိ ရှိနေနိုင်ပါသေးတယ်။(သတိပြုရန် အနေနဲ့ ဖိုင်ဖျက်တဲ့အခါ shift+Delete သုံးပြီး ချက်ချင်းဖျက်ပစ်တာမျိုး မလုပ်ဖို့ သတိပေးလိုပါတယ်)

 

RAM ပေါ်မှာ ဘာလို့ရှိနေနိုင်တာလဲ ဘယ်အချိန်ထိ ရှိနေမှာလဲ

ကွန်ပျူတာတစ်လုံးကို ကျွန်တော်တို့ ရုံးခန်းတစ်ခုလို သတ်မှတ်လိုက်တယ်ဆိုပါစို့ ဒါဆို RAM ဆိုတာက ကျွန်တော်တို့ အလုပ် စားပွဲလေး တစ်ခုလိုပါဘဲ ။ C တွေ D တွေကတော့ ကျွန်တော်တို့ရဲ့ ဘီဒို ဒါမှမဟုတ် ဖိုင်တင်စင်လို ပုံစံပေါ့ ။ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ ကိုယ်တိုင်ကတော့ ကွန်ပျူတာတစ်လုံးမှာ အရေးအကြီးဆုံးဖြစ်တဲ့ ကွန်ပျူတာရဲ့ ဦးနှောက်ဖြစ်တဲ့ Processor ဘဲဖြစ်ပါတယ်။

ကျွန်တော်တို့က ဘီဒိုထဲ(C and D)က ဖိုင်တွေယူမယ် အလုပ်စားပွဲ(RAM)ပေါ် တင်ပြီး အလုပ်လုပ်မယ်။ ပြီးသွားရင် ဒါမှမဟုတ် စားပွဲ(RAM)မှာ ဖိုင်တွေပြည့်လာရင် မလိုတဲ့ဟာ မလိုတဲ့နေရာပို့မယ် ဘီဒိုထဲပြန်ထားသင့်တာ ပြန်ထားမယ်။

အဲ့ဒီလိုပါပဲ Ram က အလုပ်စားပွဲဖြစ်လို့ သူ့မှာ တခြားအလုပ်တွေနဲ့ ပြည့်မလာခင်ထိ ကျွန်တော်တို့ ဖျက်လိုက်တဲ့ဖိုင်က သူ့ဆီမှာရှိနေမှာဖြစ်ပါတယ်။ တခြားအလုပ်တွေ ပြည့်လာရင်တော့ သူက ဆက်ထားတော့မှာမဟုတ်ပါဘူး။

အဲ့ဒါကြောင့် RAM ပေါ်မှာရှိနေတဲ့အချိန်လေးအတွင်း မှားဖျက်မိတဲ့ ဖိုင်တွေကို Recover Software တွေ အသုံးပြုပြီး ပြန်လည်ရယူနိုင်တာဖြစ်ပါတယ်။ ဒါက RAM ပေါ်မှာ သူဘယ်အချိန်ထိရှိနေမှာလဲ မသိသလို ဖိုင်ပြန်ရဖို့ ရာနှုန်းပြည့်လည်း အာမခံချက်မရှိပါဘူး။

ဒါဆို အရေးကြီးတဲ့ ဖိုင်တွေကို မပျောက်ပျက်အောင် ဘယ်လိုလုပ်ကြမလဲ

            Data တွေကို ကာလအပိုင်းခြားတစ်ခုသတ်မှတ်ပြီး အမြဲ Backup လုပ်ထားဖို့ လိုပါတယ်။ External Hard disk တွေ DVD တွေ အသုံးပြုပြီး Backup လုပ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပြီး ဒါပေမယ့်လည်း တစ်ကူးတက မှတ်မှတ်ရရဆိုပြီး မလုပ်ဖြစ်ကြပါဘူး။

ဒါ့ကြောင့်မို့ ယခုလို မိမိတို့ အရေးကြီးတဲ့ဖိုင်တွေကို ဒီဖိုင်လေးတော့ ပျက်သွားလို့မဖြစ်ဘူးဆိုတဲ့ စိတ်ကူးလေး ဝင်မိတဲ့အချိန် မိမိတို့ computer နှိပ်နေရင်းနဲ့ဘဲ Computer ထဲမှာ အလွယ်တစ်ကူ Backup လုပ်ထားလို့ရတဲ့နည်းလေးကို မျှဝေ‌ပေးလိုက်ခြင်းဖြစ်ပါတယ်။

 

Computer ထဲမှာ Backup အနေနဲ့ Data Restore ပြုလုပ်နည်း

            ပထမဆုံး မိမိတို့ start menu နားက search box လေးမှာ restore ဆိုပြီး ရိုက်ပါ ။

            Create a restore point ဆိုတာကို နှိပ်လိုက်ရင် အောက်ပါပုံလေးအတိုင်း မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ C နဲ့ D ဘေးမှာ Off လုပ်ထားတာတွေ့ရမှာဖြစ်ပြီး ဖွင့်ဖို့အတွက် ပထမဆုံး C ကို Select လုပ်ပြီး Configure ကို နှိပ်ရပါမယ်။

            ပုံမှာ အနီနဲ့ မျှားပြထားတဲ့ Turn on system protection ကို နှိပ်ရမှာဖြစ်ပြီး အနီနဲ့ ဝိုင်းပြထားတာက Restore အတွက် မိမိတို့ computer က space ဘယ်လောက်ကို အသုံးပြုမှာလဲ ဆိုတာပါ။(အနည်းဆုံး 2 GB နဲ့အထက်ကို အသုံးပြုဖို့ အကြံပြုပါတယ်။ မိမိတို့စက်မှာ space များလေ များများထားက ပိုကောင်းလေဖြစ်ပါတယ်။)

ဒါဆိုရင် ပုံမှာမြင်ရတဲ့အတိုင်း C က On ဖြစ်သွားပါပြီ။ အထက်ပါနည်းအတိုင်း D ကိုလည်း ပြုလုပ်ပါ။

 

D လည်း On ဖြစ်သွားတဲ့အချိန်မှာ အောက်ဖော်ပြပါပုံအတိုင်း 1,2,3,4 အစဥ်အတိုင်းနှိပ်ရပါမယ်။ (1) D သို့မဟုတ် C ကို select လုပ် (2) Create ကို နှိပ်က Box တစ်ခု ကျလာမယ် (3) နေရာမှာ မိမိတို့ အမှတ်သားလေးတစ်ခုပေးပြီးမှတ်ပါ။ကျွန်တော်ကတော့ သိလွယ်အောင် restore  လုပ်တဲ့ Date ကိုဘဲ ပေးလိုက်ပါမယ် (4) Create နှိပ်လိုက်ရင်တော့ ကျနော်တို့ restore လုပ်တဲ့ အခန်းကဏ္ဍပြီးဆုံးပါပြီ။

ကျွန်တော်တို့ Restore လုပ်ထားတဲ့ Date ကို ပြန်လိုချင်ရင်တော့ ပျောက်သွားတဲ့ ပျက်သွားတဲ့ ဖိုင်တွေကို ပြန်ယူချင်ရင်တော့ ပုံမှာပြထားတဲ့အတိုင်း system restore ဆိုတာလေးကို နှိပ်လိုက်ရင် Box တစ်ခု ကျလာမှာဖြစ်ပြီး Next ပေးလိုက်တဲ့အခါ ကျွန်တော်တို့ restore လုပ်ထားတဲ့ Point တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Next ထပ်ပေးပြီး ဆက်သွားရင်တော့ ကျွန်တော်တို့  လူကိုယ်တိုင် အချိန်ခရီးသွားလို့မရပေမယ့် Computer ကိုတော့ time traveler တွေလို မိမိရောက်ခဲ့တဲ့အချိန်တွေဆီ ပြန်သွားနိုင်မှာဖြစ်ပါတယ်။ ဆက်ပြီးတော့ ပြောရရင် အဲ့ဒီ restore point ကို ပြန်ရောက်သွားတဲ့အခါ time traveler တွေလိုပဲ လက်ရှိ လုပ်ခဲ့တာတွေ အဲ့ဒီ Restore Point နောက်ပိုင်းမှာ လုပ်ခဲ့တာတွေကိုတော့ တစ်ခုမှ ပြန်မြင်ရမှာမဟုတ်တော့ဘူးဆိုတာ သတိပြုစေချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ မသိသေးသူများအတွက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပြီး နားလည် လွယ်အောင် အသေးစိတ် ပြန်လည်ရှင်းလင်းနေရသည့်အတွက် စာရှည်သွားခြင်းဖြစ်ပါတယ်။

 

                                                                                                                                                                                                                                                ဦးအောင်ကျော်မြင့်(ကျိုက်မရောမြို့)

                                                                                                09676631333

No comments:

Post a Comment