" ပြဿနာတိုင်းမှာ အဖြေရှိတယ် ၊ သင်ယူတဲ့လူတိုင်း တစ်ချိန်တတ်မြောက်လိမ့်မယ် ၊ အခက်အခဲသည်သာ ဘဝတိုးတက်ရာဖြစ်တယ် "

Tuesday, August 1, 2023

မိမိစက်(သို့မဟုတ်)Memory Stick များတွင် Virus ရှိ/မရှိ untivirus software အသုံးမပြုဘဲ Command Box ကို အသုံးပြု၍ စစ်ဆေးရှင်းလင်းနည်း


            untivirus app များ အသုံးမပြုဘဲ Virus များအား ဘယ်လိုစစ်ဆေး ဖယ်ရှားရှင်းလင်း ရမလဲဆိုတာကို မျှဝေလိုက်ပါတယ်။

ပထမတစ်နည်းကတော့ အများအားဖြင့် သိပြီးသားဖြစ်တဲ့ Window Defender(ပုံ-၁) ကို အသုံးပြု ဖယ်ရှား ရှင်းလင်းခြင်းဖြစ်ပြီး ယခုဖော်ပြမယ့်နည်းကတော Command box ကို အသုံးပြု ရှင်းလင်းခြင်းဖြစ်ပါတယ်(ပုံ-၂)။

(ပုံ-၁)

Window Defender အသုံးပြုဖယ်ရှားရှင်းလင်းရာတွင် Window မှာ အမြဲ Update ဖြစ်နေရန် လိုအပ်ပြီး အချို့စက်များတွင် Window update ပြုလုပ်ပါက window နှင့်ပတ်သက်သော error များရှိလာနိုင်ပါသည်။

Command Box အသုံးပြု ဖယ်ရှားရှင်းလင်းခြင်းမှာတော့ ဘယ် computer မဆို ဘယ် window မဆို အသုံးပြု၍ ရနိုင်ပါသည်။

အသုံးပြုနည်း

အသုံးပြုရန် Start Menu ကို နှိပ်၍ search box တွင် cmd ဟုရိုက်ပါ။ ပုံတွင်ပြထားသည့်အတိုင်း Command Prompt ကျလာပါက Run as Adminstrator ကို နှိပ်ပါ။ ထို့နောက် ကျလာသော box တွင် Yes ကို နှိပ်၍ အတည်ပြုပါ။

(ပုံ-၂)

(ပုံ-၃)တွင်ပြထားသည့်အတိုင်း တွေ့ရှိရပါမည်။

(ပုံ-၃)


မိမိသည် Memory Stick ကို စစ်လိုပါက မိမိ Memory Stick Name ကို My computer တွင် ကြည့်၍ E ဆိုက အောက်ဖော်ပြပါအတိုင်းရိုက်ပါ။ ကျွန်တော့် ကွန်ပျူတာတွင် E ဟုပြသည့်အတွက် E ဖြင့် ရိုက်ပါမည်။ F ဟုပြပါက E နေရာတွင် F ဟုပြောင်းပါ။

E ကို စစ်မှာဖြစ်သည့်အတွက် E: ဟု ရိုက်၍ Enter နှိပ်ပါ(ပုံ-၄)။

(ပုံ-၄)

ထို့နောက် attrib -s -h -r -a /s /d *.* ဟုရိုက်၍ Enter ခေါက်ပါ။ s h r a ရှေ့တွင် အနှုတ် လက္ခဏာများဖြစ်ပါသည်။ ထို့နောက် dir ဟု ရိုက်၍ ထပ်မံ Enter ခေါက်ပါ။ virus file များရှိပါကတွေ့ရပါမည်။

ဥပမာ-

autorun.inf

folder.exe

$RECYCLE.BIN

Virus အများစုသည် exe file အဖြစ် ရှိနေတတ်ပြီး ရှေ့တွင် dir ဟု ပြသတတ်ပါသည်။ ၎င်း Virus အား သတ်လိုပါက ပုံတွင်ပြထားသည့်အတိုင်း del virus name ကို ရေး၍ Enter ခေါက်ပါ။ ပုံတွင် ပြထားသည့်အတိုင်း Are you Sure? ဟုမေးလာပါက Y ကို ရိုက်၍ Enter ခေါက်ပါ။(ပုံ-၅)

(ပုံ-၅)

၎င်းနည်းဖြင့် သတ်လိုသော Virus များအား တစ်ခုချင်းစီ ရိုက်ပြီး ဖယ်ရှား ရှင်းလင်းနိုင်ပါသည်။ virus ပျောက်/ မပျောက် အထက်ပါနည်းအတိုင်း ပြန်စစ်ကြည့်နိုင်ပါသည်။

                                                                                                         (ကျေးဇူးတင်ပါသည်)

ဦးအောင်ကျော်မြင့်

09676631333

 

အဓိပွါယ်များ

'attribute': As explained above.
– the "System" attribute changes the selected files or folders from user files into system files.

H – the "Hidden" attribute.

R – represents the "Read-only" attribute of a file or folder. Read-only means the file cannot be written on or executed.

– stands for "Archiving" which prepares a file for archiving.

'+ / –': To enact or to cancel the specified attribute.
'/S': Searching throughout the entire path including subfolders.
'/D':  Include any process folder.

သတိပြုရန်။ ။ C: ကို ရိုက်၍ စစ်ဆေးခြင်းမပြုရန်နှင့် C အတွင်းရှိ exe file များ del မပြုလုပ်ရပါ။

 


No comments:

Post a Comment