Data C တစ်ခုသာပါရှိသော စက်များအတွက် Partition ခွဲထုတ်နည်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ပထမဦးစွာ ထိုသို့ C တစ်ခုတည်းကို အသုံးပြုခြင်းအားဖြင့် အောက်ပါ အားနည်းချက်များ ဖြစ်ပေါ်စေနိုင်ပါသည်-
(က) Data C အနေဖြင့် Computer တစ်ခုလုံး၏ စက်လည်ပတ်မှုများအပြင် အချက်အလက်များကိုပါ ထိန်းသိမ်းပေးရသဖြင့် software များအသုံးပြုရာတွင် လေးလံခြင်း။
(ခ) Window error တစ်ခုခုဖြစ်ပေါ်လာပါက မိမိ၏ အရေးကြီး Data များ
ပြန်လည်ရယူရန် ခက်ခဲခြင်း။
ထို့ကြောင့်
မိမိတို့အနေဖြင့် Data
D ခွဲထားရန် လိုအပ်လာပါသည်။
Data D ခွဲထုတ်နည်း
ပုံတွင်ပြထားသည့်အတိုင်း
Start
Menu တွင် Right Click ထောက်၍ Disk
Management ကို နှိပ်ပါ(ပုံ-၁)။
(ပုံ-၁)
Disk Management
box ကျလာပါက Windows SSD(C:) အား Right
Click ထောက်၍ Shrink Volume ကို
နှိပ်ပါ(ပုံ-၂)။
Data C မှ သူ ခွဲဝေပေးနိုင်သော Space အား
ပြသလာပါမည်(ပုံ-၃)။ ကျွန်တော့်တွင် D ခွဲပြီးသား ဖြစ်၍
အနည်းငယ်သာ ပြသခြင်းဖြစ်ပါသည်။ ထို့နောက် Shrink အား
နှိပ်ပါ။
(ပုံ-၃)
မိမိခွဲထုတ်လိုက်သော ပမာဏအား အမဲရောင်ဖြင့် ပြသပါမည်(ပုံ-၄)။
(ပုံ-၄)
ထို့နောက် ၎င်း အမဲရောင် အကွပ်ပေါ်တွင် Right Click ထောက်၍ New Simple Volume ကို နှိပ်ပါ(ပုံ-၅)။
(ပုံ-၅)
(ပုံ-၆)
ဤအဆင့်သည် နောက်ဆုံးအဆင့်ဖြစ်ပြီး Finish ဆိုပါက မိမိတို့အနေဖြင့် My Computer အား ပြန်လည်ဖွင့်ကြည့်ရာတွင် Data D အား မြင်တွေ့ရမည်ဖြစ်ပါသည်။
Data D အားခွဲထားခြင်းဖြင့် မိမိတို့ စက်တွင် window error များဖြစ်ပေါ်လာ၍
မဖြစ်မနေ window ပြန်တင်ရသည့်အခါ မိမိတို့ စက်အတွင်းရှိ
အရေးကြီးအချက်အလက်များ ပြန်လည်ရယူနိုင်ရန် များစွာအထောက်အကူ ဖြစ်စေပါသည်။
ထိုနည်းဖြင့်
Partition
အား မိမိတွင် space ရှိသလောက် မိမိကြိုက်သလို
ခွဲယူနိုင်ပါသည်(C,D,E,F စသည်ဖြင့်)။
(ကျေးဇူးတင်ပါသည်)
ဦးအောင်ကျော်မြင့်
09676631333









No comments:
Post a Comment