" ပြဿနာတိုင်းမှာ အဖြေရှိတယ် ၊ သင်ယူတဲ့လူတိုင်း တစ်ချိန်တတ်မြောက်လိမ့်မယ် ၊ အခက်အခဲသည်သာ ဘဝတိုးတက်ရာဖြစ်တယ် "

Monday, July 31, 2023

How to Color Printer Maintenance?(မိမိ Printer ကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ?)

 


           ကျွန်တော်တို့အနေနဲ့ color Printer တွေ ဆေးမလိုက်တဲ့အခါ ဆိုင်ကို သယ်သွားရ၊ ပြန်သယ်လာရနဲ့ အလုပ်ရှုပ်သလို ပြင်ဆင်ခလည်းပေးရပါသေးတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Printer Maintenance ပြုလုပ် နည်းလေးကို မသိသေးတဲ့သူများအတွက် တင်ပြသွားပါမယ်ခင်ဗျ။

            Computer မှတစ်ဆင့် Printer ကို Maintenance ပြုလုပ်ပါက သာမန်ဆေးမလိုက်ခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် ဆေးပိုက်အတွင်း လေခိုခြင်းများကို မိမိဘာသာ ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ခင်ဗျ။

            ပထမဦးစွာ မိမိတို့ Color Printer ကို Maintenance ပြုလုပ်ရန် Start Menu နားက Search Box မှာ Printers & Scanners ဆိုပြီးရိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း Printers & Scanners ဆိုတာကို open လုပ်ပါ   (ပုံ-၁)။


(ပုံ-၁)

            ပုံမှာမြင်ရတဲ့အတိုင်း မိမိတို့ Install လုပ်ထားတဲ့ Printer နဲ့ Scanner များကို မြင်ရမှာဖြစ်ပြီး မိမိတို့ Maintenance လုပ်မယ့် Printer ကို select လုပ်ပြီး မျှားဖြင့်ပြထားသည့်အတိုင်း Manage ကို click လုပ်ပါ           (ပုံ-၂)။

(ပုံ-၂)

            ထပ်မံ၍ပေါ်လာသော screen တွင် ပုံတွင် မျှားဖြင့်ပြထားသည့်အတိုင်း Printer Properties (သို့မဟုတ်) Printing Preferences ကိုနှိပ်ပါ(ပုံ-၃)။ အဆိုပါ နှစ်ခုလုံးမှာ Printer Maintenance ပါရှိပြီး Printer Properties မှာတော့ ပိုမိုအသေးစိတ်ကျတဲ့အခြား Printer setting တွေကိုမြင်ရမှာဖြစ်ပါတယ်။


(ပုံ-၃)

            Maintenance သို့သွားရန် အခြားနည်းလမ်းများကိုလည်း သုံးလို့ရပါတယ်။ ဉပမာ-ဖိုင်တစ်ခုကို open လုပ်ပြီး ပုံမှာပြထားတဲ့အတိုင်း Printer Properties >> Maintenance ဆိုလည်း ရပါတယ်(ပုံ-၄)။


(ပုံ-၄)

ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Maintenance မှာ Nozzle Check ၊ Head Cleaning အစ ရှိတာတွေကိုမြင်ရမှာဖြစ်ပါတယ်(ပုံ-၅)။

(ပုံ-၅)

            အဆိုပါအဆင့်သို့ရောက်ပါက ပထမဦးစွာ Nozzle Check ကိုနှိပ်ပါ။ Printer ကို on ထားရမှာဖြစ်ပြီး စာရွက်လည်းထည့်ထားရမှာဖြစ်ပါတယ်။ ထို့နောက် ပုံမှာ ပြထားတဲ့အတိုင်း Print ကိုနှိပ်ပါ(ပုံ-၆)။

(ပုံ-၆)

မိမိတို့ Printer က Check လုပ်ထားတဲ့ စာရွက်တစ်ရွက်ထွက်လာမှာဖြစ်ပြီး အောက်ဖော်ပြပါပုံအတိုင်း  Clean ကို နှိပ်ပါ(ပုံ-၇)။

(ပုံ-၇)

ထို့နောက်အောက်ဖော်ပြပါပုံအတိုင်း Start ကိုနှိပ်ပါ(ပုံ-၈)။


(ပုံ-၈)

အောက်ဖော်ပြပါပုံအတိုင်း Head Cleaning လုပ်နေတာကိုမြင်ရမှာဖြစ်ပြီး ခဏ စောင့်ဆိုင်းပေးပါ     (ပုံ-၉)။


(ပုံ-၉)

Cleaning လုပ်တာပြီးပါက အောက်ဖော်ပြပါပုံအတိုင်း Print Nozzle Check Pattern နဲ့ Finish ကို မြင်ရမှာဖြစ်ပြီး Print လုပ်ပါ(ပုံ-၁၀)။

(ပုံ-၁၀)

ထို့နောက် (ပုံ-၇)မှာပြထားတဲ့အတိုင်း ပြန်လည်မြင်တွေ့ရမှာဖြစ်ပြီး မိမိ Print လုပ်လိုက်တဲ့ စာရွက်ရှိ Printer ဆေးများ မညီညာသေးပါက ထပ်မံ၍ Clean ကို နှိပ်ပါ(ပုံ-၁၁)။ အဆင်ပြေသွားရင်တော့ Finish ပေါ့။

(ပုံ-၁၁)

ဤနည်းဖြင့် Color Printer ဆေးမလိုက်ခြင်း၊ ဆေးပိုက်တွင်း လေခိုခြင်းများအား မိမိဘာသာ ပြန်လည်ပြုပြင်လို့ရပါတယ်။

သတိပြုရန်။ Head Cleaning လုပ်ခြင်းကို တစ်ခါပြုလုပ်လျှင် (၃)ကြိမ်ထပ် ပိုမို၍ တစ်ဆက်တည်း Clean မပြု လုပ်သင့်ပါ။ ထိုသို့ပြုလုပ်ပါက ဆေး over ဖြစ်ပြီး Head တွေပျက်စီးနိုင်ပါတယ်။

 

တစ်ဆက်တည်း မသိသေးတဲ့သူများအတွက် နောက်ထပ်အဖြစ်များတဲ့ error ဖြစ်တဲ့

Printer လည်းဖွင့်ထားတယ် Print လုပ်တော့ စာရွက်က ထွက်မလာတော့ရင် Search >> Printers & Scanners >> မိမိ error ဖြစ်သော Printer ကိုရွေး >> Open queue >> Printer >> Cancel All Documents >> Yes ပေးပါ ။

 


Printer ကြိုးတပ်ထားရဲ့သားနဲ့ connection error ဖြစ်နေပြန်ရင် Search >> Services >> Printer Spooler >> Restart ကို နှိပ်ပါ။


အထက်ဖော်ပြပါ နည်းလမ်းများမှာ color printer တင်မဟုတ်ဘဲ အခြား printer တွေကိုလည်း ပြုလုပ်နိုင်ပါတယ်ဗျ။ ကျေးဇူးတင်ပါတယ်။

 

ဦးအောင်ကျော်မြင့်

09676631333

No comments:

Post a Comment